Events
ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ် လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း (Value Chain upgrading of Potential Fruit (Coconut) in Ayeyarwaddy Region) စတင်သည့်အခမ်းအနားကျင်းပခြင်း
Updated At: 2023-04-21 14:14:17

ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် စီမံကိန်းစတင်သည့် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ (၁)၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးမှ ဝန်ကြီးချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးမှ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ မဲခေါင်သိပ္ပံနှင့် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြား ပါသည်။ ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
စီမံကိန်းကို ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (Ayeyawaddy-Chao Phraya-Mekong Economic Cooperation Strategy - ACMECS) ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိအုန်းသီး စိုက်ပျိုးထုတ်လုပ်သူများ၊ ပြုပြင်ထုတ်လုပ်သူများ အရည်အသွေးမီစွာ ထုတ်လုပ်လာနိုင်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ထားရှိကြောင်း သိရှိရပါသည်။ အခမ်းအနားကို နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Event Details
- Date
- 21st April 2023
- Location
- Pathein City, Ayeyarwaddy region
- Website
- www.myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025